blog image

Change GitHub account in git on window?

ကျွန်တော် က ကျွန်တော်တို့ ရဲ့ Window မှာ Git နဲ့ချိတ်ထား ပီးသားဖြစ်တဲ့ GitHub account ကို ဖြုတ်ချပီး အသစ်ဘယ်လိုထည့်ရမလည်းဆိုတာပြောပြပေးပါမယ်။

ပထမဆုံး အနေနဲ့ ကျွန်တော်တို့ရဲ့ Git Configuration က email name ကို ပြင်ပေးဖို့ လိုအပ်ပါတယ်။

git config --global user.email <Your email name>

Configuration အသစ်ပြန်လုပ်ပီးရင်တော့ ကျွန်တော်တို့ ချိန်းလိုက်တဲ့ email address မှန်မမှန် စစ်ကြည့်ပါမယ်။

cat .gitconfig
[user]
	name = Aung Pyae Phyo
	email = your email name
[init]
	defaultBranch = main

Configuration file ကိုပြန်စစ်ပီးတဲ့အခါမှာ email ဆိုတဲ့ နေရာမှာ ကျွန်တော်တို့ အသစ် ထည့်လိုက်တဲ့ email address ဖြစ်နေရင်ရပါပီ။

အရင်ရှိပီးသား အကောင့်ကို ကျွန်တော်တို့ရဲ့ Window ဘယ်လိုဖြုတ်ချမလည်းဆိုတာ တစ်ဆင့်ချင်းပြပေးပါမယ်။

  • ပထမဆုံးအနေနဲ့ Window control panel ထဲကိုသွားပါမယ်။

Control Panel

  • ပီးရင်တော့ Control panel ထဲက Credentials Manager ထဲကို ဝင်ပါမယ်။

Credentials Manager

  • ပီးရင်တော့ Credentials Manager ထဲမှာ ရှိတဲ့ Window credentials ထဲကို ဝင်ပါမယ်။ အထဲရောက်တဲ့ အခါမှာ git:https://github.com ဆိုတဲဲ့ Git နဲ့ GitHub ကိုချိတ်ထားပေးတဲ့ Credentials လေးကိုတွေ့ရမှာပဲဖြစ်ပါတယ်။

Window credentials

  • ပီးရင်တော့ ကျွန်တော်တို့ က အဲ့ Git credentials တွေကို remove ပေးဖို့လိုပါတယ်။

Window credentials

ဒီလိုဆိုရင်တော့ ကျွန်တော်တို့ ရဲ့ Window မှာ Git ကိုပုံမှန်အတိုင်း ပြန်သုံးပီး

git push -u origin main ဆိုတဲ့အဆင့်မှာသူက GitHub account ဝင်ဖို့ Option box လေးတစ်ခုချပေးပါလိမ့်မယ်။ ထိုအခါမှာ မိမိ ကြိုက်နှစ်သက်ရာနည်း ကို ရွေးပီး Authentication လုပ်လို့ရပါပီ။

Enjoyed the article? 😍